ပခုက္ကူခရိုင်တွင် လွှတ်တော်သုံးရပ်အတွက် စိစစ်ပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၉၉)ဦး၏အမည်စာရင်း အတည်ပြုကြေညာ

ပခုက္ကူ  ဩဂုတ် ၃၀

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကြေညာချက် ပုံစံ(၁၀) ကို မဲဆန္ဒနယ်အလိုက် သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ သို့ပေးပို့၍ အများ ပြည်သူတွေ့မြင်နိုင်သောနေရာများ၌ ဩဂုတ်လ ၃၀ရက်နေ့တွင် ကပ်ထား ကြေညာပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ရန် အကြောင်းကြားချက်အရ  ပခုက္ကူခရိုင်တွင် လွှတ်တော်သုံးရပ်အတွက် စိစစ်ပြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၉၉)ဦး ၏ အမည်စာရင်းများ အတည်ပြုကြေညာထားကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကြေညာချက် ပုံစံ(၁၀)ကို ပခုက္ကူခရိုင်အတွင်း မြို့နယ်များရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ပေးပို့ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း (၂၈)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၁၇)ဦး၊ မကွေးတိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၈)ဦး၊ မကွေးတိုင်း ဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ်လောင်း(၂၆)ဦး စုစုပေါင်းပခုက္ကူခရိုင်အတွင်း နိုင်ငံရေးပါတီ(၇) ပါတီမှ  လွှတ်တော် ကိုယ်စားလှယ်လောင်း (၉၉)ဦး၏ အမည်စာရင်းကို အတည်ပြုကြေညာထားကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပခုက္ကူမြို့နယ်တွင် (၇)ဦး၊ ရေစကြိုမြို့နယ်တွင်(၇)ဦး၊ မြိုင်မြို့နယ်တွင်(၅)ဦး၊ ပေါက်မြို့နယ် တွင် (၄)ဦး၊ ဆိပ်ဖြူမြို့နယ်တွင် (၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ပခုက္ကူနှင့်ဆိပ်ဖြူမြို့နယ်တွင် (၆)ဦး၊ ရေစကြိုမြို့နယ်တွင် (၆)ဦး၊ မြိုင်နှင့်ပေါက်မြို့နယ်တွင် (၅)ဦး၊ မကွေးတိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ် စားလှယ်နေရာ အတွက် ပခုက္ကူမြို့နယ်တွင်(၇)ဦး၊ ရေစကြိုမြို့နယ်တွင်(၆)ဦး၊ မြိုင်၊ပေါက်၊ ဆိပ်ဖြူမြို့နယ် များတွင်(၅)ဦးစီ၊ မကွေးတိုင်းဒေသ ကြီး (၂) လွှတ်တော်ကိုယ် စားလှယ် နေရာအတွက် ပခုက္ကူမြို့နယ်တွင်(၇)ဦး၊ ရေစကြိုမြို့နယ်တွင် (၆)ဦး၊ မြိုင်နှင့်ပေါက်မြို့ နယ်များတွင် (၄)ဦးစီ၊ ဆိပ်ဖြူမြို့နယ်တွင် (၅)ဦး ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းအတည်ပြု ကြေညာထားသူများမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီစသည့် နိုင်ငံရေးပါတီ(၇) ပါတီမှဖြစ်ပြီး ခရိုင်အတွင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ နေရာ၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ၅ နေရာ၊ စုစုပေါင်း (၁၈)နေရာတို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ရွှေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။

ပခုက္ကူခရိုင်တွင် ရပ်ကွက်(၅၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၂၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၉၄)ရွာရှိပြီး မဲရုံပေါင်း( ၁၁၂၇) ရုံ၊ ချင်းတိုင်းရင်းသားမဲရုံ(၅၆)ရုံရှိပြီး မဲဆန္ဒရှင်စာရင်း (၈၇၁၆၅၅)ဦးရှိကြောင်းသိရသည်။

ဆလိုင်းကိုကီး(NRDC)