နမ္မတူမြို့နယ်၊ ဆိုက်ခေါင်၊ နမ့်မင်းဆော့ ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်‌ရေး အသိပညာပေးဆောင်ရွက်

နမ္မတူ       ဩဂုတ်   ၃၀

မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊  အသိပညာ ပေးခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က   ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင်    မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့် က   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ‌ပေး အ‌ကြောင်း အရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအား  အသိပညာပေးဟောပြောခဲ့သည်။ အလားတူ ယနေ့  နေ့လယ်(၁၁)နာရီ အချိန်တွင် နမ့်မင်းဆော့ကျေးရွာသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရေမလို လက်သန့်‌ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ‌ပေးခြင်း၊ နှာခေါင်းစည်း (၆၀)ခု၊ လက်ဆေးဆပ်ပြာခဲ (၆၀)ခဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)