ဖလမ်းခရိုင်အတွင်း လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကြေညာ

ဖလမ်း     ဩဂုတ်      ၃၀

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်ပြည်နယ်လွှတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ယနေ့ နံနက် ၉ နာရီတွင် ဖလမ်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာခဲ့ရာ ဖလမ်းခရိုင်အတွင်း ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း(၇၈)ဦး‌ကြောင်းသိရသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း ထုတ်ပြန်ကြေညာမှုကို မဲဆန္ဒရှင်ပြည်သူများ အလွယ်တကူကြည့်ရှုသိရှိနိုင်ရန်အတွက် ဖလမ်းမြို့၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြ ဘုတ်တွင် ကပ်ထား ကြေညာကြောင်းသိရသည်။

ဖလမ်းခရိုင်အတွင်းပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်(၃)နေရာအတွက် ကိုယ်စားလှယ်လောင်း (၁၉)ဦး၊ အမျိုး သား လွှတ်တော်ကိုယ်စားလှယ်(၄)နေရာအတွက် ကိုယ်စားလှယ်လောင်း(၂၅)ဦး နှင့်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အ မှတ်(၁)နှင့်(၂)ကိုယ်စား လှယ်လောင်း(၆)နေရာ အတွက်ကိုယ်စား လှယ်‌လောင်း(၃၄)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်အရွေး ခံကြမည်ဖြစ်‌ကြောင်းသိရသည်။

ခရိုင်(ပြန်ဆက်)