ကန်ပက်လက် သြဂုတ် ၃၀
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ကန်ပက်လက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့တွင် သတ်မှတ်ထားသည့် နေရာများ၌ ကပ် ထားကြေညာခဲ့သည်။
ကန်ပက်လက်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန်ကြေငြာခဲ့ကြပြီး အများပြည်သူသိရှိနိုင်ရန်အတွက် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ သာမက မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၏ အစီအစဥ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကြော်ငြာဘုတ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်ပြဘုတ်တွင်လည်း ကပ်ထားကြေငြာသွားမည်ဟုသိရှိရပါသည်။
ကန်ပက်လက်မြို့နယ်တွင် ပါတီစုစုပေါင်း(၆)ခုနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၁)ဦးတို့ အနက်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လောင်း(၅)ဦး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦးနှင့်မဲဆန္ဒနယ်(၂)ခုမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၃)ဦး စုစုပေါင်း(၂၄)ဦးဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရပါသည်။
ကိုလိန်း(ပြန်/ဆက်)