မိုးကုတ် ဩဂုတ် ၃၀
Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း mask တပ်ဆင်အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲတို့ ပူးပေါင်း၍ မိုးကုတ်မြို့နယ်တွင် ယမန်နေ့ က mask Campaign ပြုလုပ်ခဲ့သည်။
ပူးပေါင်းအဖွဲ့များသည် မိုးကုတ်မြို့အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် အထက(၁)မီး ပွိုင့်ရှေ့တွင်လည်းကောင်း ၊မိုးကုတ်ကျောက်တိုင် ကွင်းနှင့် တံတား(၂)စင်းနေရာများတွင် Mask Campaign အဖြစ်ပြည်သူများအား maskများ အခမဲ့ဖြန်ဝေခြင်းနှင့် covid -19 virus ဖြစ်ပွားမှု မရှိစရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက် သင့်သည့်အပြင်ထွက်တိုင်းMaskတပ်ခြင်း ၊လက်ဆေးခြင်းများအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို အမြဲမပြတ် လိုက်နာသတိပြုကြပါရန် အသိပေးတိုက်တွန်းနှိုးဆော် ခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ(မိုးကုတ်)