မိုင်းပန်မြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကြေညာထားမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

မိုင်းပန်   သြဂုတ်             ၃၀

ရှမ်းပြည်နယ်‌(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ မြို့ပေါ်()ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက် ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်နှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများမှ ယနေ့ မွန်းလွဲ()နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မိုင်းပန်မြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်()အတွက် ပါတီ()ခု၊  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီ()ခု၊ ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်အမှတ်()အတွက် ပါတီ()ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်()အတွက် ပါတီ()ခု၊ ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုး)အတွက် ဗမာ၊ ကချင်၊ အင်း၊ လီဆူ၊ လားဟူ၊ အာခါနှင့် ကယန်း()ပဒေါင် တို့မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့ ဆန္ဒမဲပေး ရာတွင်အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက်  ကြေညာထားရှိအား သက်ဆိုင်ရာတာဝန်ရှိသူများမှ မြေပြင်ကွင်း ဆင်းခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအရ မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း(၁၂၆၇၁)ဦး ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။         

မိုင်းပန်(ပြန်/ဆက်)