လဟယ် ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သောအခမ်း အနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သက်ထူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ လဟယ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးရှားဆက်က သင်တန်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းပြောကြားပါသည်။
ထို့နောက် လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သက်ထူးက သင်တန်းနည်ပြများအား အမှတ်တရလက်ဆာင်းများ ပေးအပ်ပါသည်။ ၎င်းနောက် လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဦးရှားဆက်ကသင်တန်းသားများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက ဆုများအသီသီးချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးပါသည်။
အဆိုပါသင်တန်းတွင် လဟယ်မြို့ပေါ်ရှိ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သင်တန်းသားသူ (၃၂) ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၃) ဦးမှ (၂၅-၇-၂၀၂၅ ရက်မှ (၃၀-၇-၂၀၂၅) ရက်ထိစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ် (ပြန်/ဆက်)