နာဂဒေသလဟယ်-ပုံညိုနယ်စပ်ကားလမ်း တောင်ကျချောင်းရေတိုက်စားမှုကြာင့် ပျက်စီးနေမှုကို စက်ယန္တယားဖြင့်ရှင်းလင်း‌‌

လဟယ် ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-‌ဆော်လော်-ပုံညိုကြားရှိ ကားလမ်းများ တောင်ကျ ချောင်းရေတိုက်စားပြီး ကားလမ်းများ ရေတိုက်စားခြင်း၊ ကမ်းပါပြိုခြင်းနှင့် တံတားများ ပျက်စီးခြင်း ကြောင့် လဟယ်မြို့နယ်အတွက် အဓိကအခြေခံစာသောက်ကုန်များနှင့်စက်သုံးဆီများကို အိန္ဒိယနယ်စပ်လဟယ်-ဆော်လော်-ပိုညို နယ်စပ်လမ်းကတင်သွင်းခြင်း ခေတ္တခဏရပ်ဆိုင်းခဲ့ပါသည်။

အဆိုပါလမ်းကြောင်းကို ရာသီမရွေးမော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် လဟယ်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ဆောက်လုပ်ဦးစီးဌာနတို့ ပူးပါင်းပြီး အဆိုပါလမ်းကို ရာသီမ‌ရွေး ကား/ဆိုင်ကယ်ဖြင့် အဆင်ပြေစွာသွားလာနိုင်ရန် စက်ယန္တယားဖြင့် တစ်ပတ်ကြာဖယ်ရှားရှင်းလင်းခဲ့ပြီး ယ‌‌ခုအချိန်တွင် ‌‌‌‌‌‌‌‌‌‌‌ကားသေးများ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)