ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)နှင့်သွင်းအားစုများ ချီးမြှင့်ပေးအပ်

သနပ်ပင် ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အ တွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၌ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် သွင်းအားစုများချီးမြှင့်ပေးအပ်ပွဲသို့တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံဖြင့်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်စိုက်ပျိုးရေးလုပ်ငန်းတွင် စိုက်ပျိုးသည့်သီးနှံအလိုက်သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေးသည်အရေးကြီးပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ်သက်သာမှသာ တစ်ဧကအကျိုး အမြတ်ပိုမိုရရှိနိုင်မှာဖြစ်သဖြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်ရခြင်းဖြစ်ကာ အကျိုးရှိရှိအသုံးပြုစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား ပဲခူးတိုင်းဒေသကြီးမှထုတ်လုပ်သည့် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့်သွင်းအားစုများချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ပဲခူးမြို့မှထုတ်လုပ်ထားသည့် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်သရုပ်ပြသမှုနှင့် စုပေါင်းမြေဩဇာကြဲပက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဈေးပိုင်းအရှေ့ရပ်ကွက်ရှိ ဦးလင်းသူအောင်၏ ဒေသနွားကောင်ရေ(၂၀၀)ဘက်စုံမွေးမြူ ရေးခြံနှင့် ဘူတာပိုင်းရပ်ကွက်ရှိ ဦးမြင့်နိုင်၏ ဒေသနွားကောင်ရေ(၁၀၀) မွေးမြူထားရှိမှုတို့အားသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားသည်အကြမ်းခံပြီး မွေးမြူရလွယ်ကူသည့်အပြင် မေထုန်မဲ့သားစပ်ခြင်းဖြင့် မျိုးမြှင့်မျိုးပွားခြင်းလုပ်ငန်းများဆောင်ရွက်ပေးနိုင်သည့်အတွက် ဈေးကွက်ရရှိသည့်လုပ်ငန်းတစ်ခုဖြစ် ၍ တိုးချဲ့မွေးမြူသွားရန်၊ တိရစ္ဆာန်အစာအတွက်နေဗီယာမြက်အား တိုးချဲ့စိုက်ပျိုးသွားရန်နှင့်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် သနပ်ပင်ငါးလုပ်ငန်းစခန်းသို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေးနှင့် နှစ်စဉ်ငါးထုတ်လုပ်မှုတိုးတက်စေရေးအထောက်အကူဖြစ်စေရန် ငါးရံ့၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်း၊ ငါဖမ်းမနှင့် ငါးနက်ပြာစသည့် တိုင်းရင်းငါးမျိုး အမျိုးအစား(၆)မျိုးအား ထိန်းသိမ်းထားရှိခြင်း၊ မျိုးပွားခြင်း၊ ငါးသားဖောက်ခြင်းဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့နယ်၊ ဘူတာပိုင်းရပ်ကွက်ရှိ ဦးသိန်းလွင်၏ဥစားဘဲကောင်ရေ(၆၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှုဖူလုံစေရေးနှင့် ဈေးနှုန်းသက်သာစွာရောင်းချနိုင်ရေး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာထုတ် လုပ်ရန်နှင့် ဥစားဘဲအပြင် အသားစားဘဲများလည်း တိုးချဲ့မွေးမြူနိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)