ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရဖွဲ့မှလူမှုရေးရာဝန်ကြီး ဦး‌မင်းမင်းလွင်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းသားများက ကတိသစ္စာခံယူခဲ့ကြပြီးနောက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်ဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၅၆) ဦးအားသင်တန်း ဆင်းမိန့်ခွန်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး‌ ဦးမင်းမင်းလွင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများသည် ယနေ့နက်ပိုင်းက ရပ်စောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်နှင့် အခြေခံပညာအထက်တန်းကျောင်း ပင်ဖြစ် တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲက အသက်မွေး ဝမ်းကျောင်းအ‌ထောက်အကူပြု အ‌ခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဖွင့်ပွဲကျင်းပသည်။

မြစ်သားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို မင်းကုန်းရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယနေ့အဖြစ် သင်တန်းပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ဒေါနခန်းမတွင်  ဇူလိုင် ၃၁ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်၌ ဒုတိယနေ့အဖြစ် သင်တန်းဆက်လက်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘားအံမြို့ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ချီးမြှင့်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းအား တက်ရောက်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်း သား/ ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to