ငပုတော ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပဝတိဆရာကြီး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မိုးမိုးအေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၌ ဒါရိုက်တာအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စာရင်းစစ်အစည်းအဝေး အစီရင်ခံစာကို အသင်းစာရင်းစစ် ဦးဝင်းဦးက ဖတ်ကြားတင်ပြသည်။
ထို့နောက် နှစ်ချုပ်အစီရင်ခံစာ လက်ကျန်ရှင်းတမ်းကို အုပ်ချုပ်မှုဒါရိုက်တာ ဦးကြည်လွင်က ဖတ်ကြားတင်ပြပြီး အသင်းသားများက သိရှိလိုသည်များ မေးမြန်းတင်ပြလာမှုအပေါ် ဒါရိုက်တာအဖွဲ့မှ ပြန်လည်ရှင်းလင်းတင်ပြပြီး သဘာပဝတိက နိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးငွေစုငွေချေးသမလီမိတက်၏ အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)