ကော့မှူးတွင် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder) ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေ

ကော့မှူး ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း သားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တို့မှ ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေမှ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း) ဖြင့် မိုးစပါးစိုက်ပျိုးသည့် ကော့မှူးမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအား ထောက်ပံ့ငွေကျပ်သန်း (၃၀) ကိုရေဖြူတွင်းကျေးရွာမှ တောင်သူဦးရွှေဝင်းထံ ပေးအပ်ခဲ့ပြီး သွင်းအားစု၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်များကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် တောင်သူများကိုယ်စား တောင်သူဦးမြင့်ဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကတက်‌ ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြသထားသည့် စိုက်ပျိုးရေးသုံးသွင်းအားစုများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဆိုလာများစသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ