လွိုင်လင်ခရိုင်အတွင်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လွိုင်လင်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့က လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်သတ်မှတ်ပုံစံ(၁၀)ဖြင့် ကြေညာ ပေးထားကြောင်း သိရသည်။