အနာဂတ်မှ လူငယ်လူရွယ် ကလေးများကို မူးယစ်ဆေးဝါး၏သားကောင် မဖြစ်စေလို

ရှေးခေတ်က မြန်မာနိုင်ငံတွင် အလေ့ကျတောင် မပေါက်ခဲ့ဖူးသော ဘိန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်၊ ခရစ်နှစ် ၁၅၁၈ ခုနှစ်လောက်က ဥရောပတိုက်မှ ဗင်းနစ်မြို့သား ဝိသမစီးပွားရေးသမား ကုန်သည် ဆီဇာဖရက်ဒရစ်သည်။ သင်္ဘောဖြင့် ဘိန်းများတင်လာခဲ့ပြီး ပဲခူးမြို့ဆိပ်ကမ်းမှာ ရောင်းချခဲ့ရာမှ မြန်မာ နိုင်ငံသည် မူးယစ်ဆေးဝါး အန္တရာယ်ကျရောက်သော နိုင်ငံဖြစ်လာတော့သည်။

ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း(၄၃)ဦးထိရှိလာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း (၄၃)ဦးထိရှိလာပြီး ယခင်(၂၀၁၅)ခုနှစ်တွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြ သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းထက် (၁၃)ဦး ပိုတိုးလာကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ပြန်လည်စွန့်လွတ်မြေမှ လူနေထိုင်ရန်အတွက်မြေကွက်များအား မဲစနစ်ဖြစ်ရွေးချယ်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အမှတ်(၈)လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ပြန်လည်စွန့်လွတ်သည့်မြေမှ တောင်သူများအား ကျောင်းစုတိုးချဲ့ရွာမြေအဖြစ် နေရာချထားပေးမည့် မြေကွက်များအား မဲစနစ်ဖြင့် ရွေးချယ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မရမ်းခုံကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ မှတ်ပုံတင်မပြုလုပ်ရသေးသော အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှတ်ပုံတင်မပြုလုပ်ရသေးသော ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ရုံးမှ သိရသည်။

ကမာရွတ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကပ်ထားကြေညာပေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကမာရွတ်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်ကာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်စာရင်းများ ကို မြို့နယ်ကော်မရှင်ရုံးနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရေတာရှည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကိုယ်စားလှယ်လောင်းအမည် စာရင်းများကပ်ထားကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရေတာရှည်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများအား ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၌ သြဂုတ် ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာ လျက်ရှိပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး (၆၅)ခု၌ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်ရုံးမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Uni Energy Co.,Ltdတို့ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

Uni Energy Co.,Ltd သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ်းမချောင်း ပေါ်တွင် 25.2 မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်မည့် နမ့်မရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် MOA လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကောလင်းမြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော
Subscribe to