ခိုလမ်မြို့၀င်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ခိုလမ်မြို့ဝင်ဂိတ် ပြည်ထောင်စုလမ်းမကြီး (တာချီလိတ်- ကျိုင်းတုံ- ကွန်ဟိန်း- တောင်ကြီး) တွင် ယနေ့နံနက် (၇)နာရီအချိန်က စတင်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် နှာခေါင်းစည်း(Mask)များကို ယနေ့နံနက် ၇ နာရီခွဲအ ချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံတွင် လမ်း သွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေး ပြီး နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် သွားလာ ကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သရက်ချောင်းမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ဒုတိယနေ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် မြို့အဝင်ဝတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တန့်ဆည်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မြရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်လျက်ရှိသည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

ကျွန်းလှတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် Covid-19ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ အလွယ်တကူ အသုံးပြနိုင်ရန်လှူဒါန်း ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်များစားရင်း ကြေညာထားရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မြေအတွင်း ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲရုံ ပြုလုပ်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ် အတွင်း မဲရုံထားရှိမည့်နေရာများကို မြို့နယ် တာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု (၂၁) ရက်ပြည့်ကာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သည့် သင်္ဘောသားများရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (၂၁) ရက်ပြည့်ကာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သည့် သင်္ဘောသားတစ်ချို့ ကော့သောင်းခရိုင်၊ ကျန်းမာရေးဌာန၏ ထောက်ခံချက်များဖြင့် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများအား အသိပညာပေး ရှင်းလင်း ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ များ အား အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက မော်လိုက်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to