ခိုလမ်မြို့၀င်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ခိုလမ်   စက်တင်ဘာ  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ခိုလမ်မြို့ဝင်ဂိတ် ပြည်ထောင်စုလမ်းမကြီး (တာချီလိတ်- ကျိုင်းတုံ- ကွန်ဟိန်း- တောင်ကြီး) တွင် ယနေ့နံနက် (၇)နာရီအချိန်က စတင်၍  ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူခရီးသွားများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား  ခရီးသွားမှတ်တမ်း ကောက်ယူခြင်းများကို ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ၍ အလှည့်ကျတာဝန်ယူပြီး နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၆)နာရီ အချိန်အထိ ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးဝင်း (ပြန်/ဆက်)