ကျောက်တံခါး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။