တနင်္သာရီမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို တမုတ်ချုန်ကျေးရွာသို့ အသိပညာပေးလှုံ့ဆော်ခြင်း ကွင်းဆင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စုအတွင်းမှ တမုတ်ချုန်းကျေးရွာနှင့် ကမ္မလိုင်းကျေးရွာရှိ ဒေသခံပြည်သူများကို ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု ထိန်းချုပ်ကာကွယ်ယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်း အရာများအား ကျယ်ကျယ်ပျံ့ပျံ့ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။