ပြည် စက်တင်ဘာ ၁
ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု တောင်ကုန်းကျေးရွာတွင် နိူင်ငံတော်အစိုးရမှ ဖော်ဆောင်လျက်ရှိသော အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NEP)(ကျေးလက်မီးလင်းရေး စီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့ကစတင်၍ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ယင်းအစီအစဉ်ဖြင့် အဆိုပါကျေးရွာတွင် (၂၀၀)KVA ထရန်စဖော်မာ(၁)လုံး တပ်ဆင်ခဲ့ပြီး (၁၁)KV လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်းနှင့် ကျေးရွာနေလူထုအနေဖြင့် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာ တန်ဖိုးနှင့် (၄၀၀)KV လိုင်းကြိုးသွယ်တန်းမှုအတွက်သာ ကျခံရကြောင်း သိရပြီး အဆိုပါ ကျေးလက်မီးလင်း ရေး ဖွင့်ပွဲအခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ပြည်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်မြို့နယ်တွင် ယခုတောင်ကုန်းကျေးရွာအပါ အဝင် ကျေးရွာပေါင်း(၇)ရွာတွင် အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) အစီအစဉ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)