သာပေါင်း စက်တင်ဘာ ၁
သာပေါင်းမြို့နယ်အတွင်းရှိ Shelter(၃)လုံးအတွက် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းပြုလုပ်ရန် ငွေကျပ်(၄၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်အေးခန်းမတွင် ပြုလုပ် ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာထွန်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြု နိုင်သည့် Shelter(၁)လုံးတွင် လက်ဆေး ဘေစင်(၃)ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ ပါဝင်သည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Shelter (၁)လုံးလျှင် ကျပ်(၁၅)သိန်းစီဖြင့် ဘုရားနီကျေးရွာ၊ စစ်ပင်ကြီးကျေးရွာ၊ ကျားရဲကျေးရွာ များကို ပေးအပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။
ထို့နောက် ကျေးရွာ ၃ ရွာရှိ School Cum Shelter (၃)လုံးအတွက် ကျပ်(၄၅)သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာထွန်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးသာနိုင်အောင်တို့က သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)