ဝေါမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ သစ္စာစီမံချက်ဖြင့် (ဆဌမအကြိမ်) ကွင်းဆင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်မပြုလုပ်ရသေးသူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသား ကတ်မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်မီ ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အဖွဲ့(၅)ဖွဲ့ခွဲကာ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပြင်ဦးလွင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက်ရှိပါသည်။

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း က ပျဉ်းမနားမြို့နယ်ရှိ မြို့ပေါ်(၇)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန်၊ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

မြိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေးအတွက် Mask (၄၀၀၀) ခုအခမဲ့ဖြန့်ဝေ

မြိတ်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းများ (၄၀၀၀) ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကလေးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်စည်း (Mask) များကို အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယနေ့နံနက် ၈ နာရီအချိန်က သာစည်ကျေးရွာ၊ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။

နမ္မတူမြို့နယ် (IDP) စခန်း(၃)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်

နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ စက်တင်ဘာလ (၁)ရက်နေ့ နေ့လည် (၁၁)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်း တို့၌ ဆောက်ရွက်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် ထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မူးယစ်ဆေးဖြတ် မက်သာဒုန်း တိုက်ကျွေးရေး ဌာနခွဲ ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မူးယစ်ဆေးဖြတ် မက်သာဒုန်း တိုက်ကျွေးရေးဌာနခွဲကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကြောင်း သိရသည်။
Subscribe to