တီးတိန် စက်တင်ဘာ ၁
၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက်ပြဘုတ်၌ သြဂုတ် ၃၁ ရက်နေ့မှ စ၍ ကြေညာကပ်ထားသည်။
တီးတိန်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCD)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(CNLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ(UBP) စသည့် နိုင်ငံရေးပါတီ(၇)ခုမှ ကိုယ်စားလှယ်အမတ်လောင်း (၃၂)ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အမတ်လောင်း(၁)ဦးတို့ ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)