ကျောက်တံခါး မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှ​တ်တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်း အစည်းအ​ဝေး ကျင်းပ

​ကျောက်တံခါး စက်တင်ဘာ ၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး ​အောင်မြင်စွာ ကျင်းပနိုင်​ရေး အတွက် မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံ  ညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် မြို့နယ်​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကား​ ပြောကြားရာတွင် ထုတ်ပြန်ထား​သော ဥပဒေ၊ နည်းဥပ​ဒေ၊ စည်းမျဉ်း စည်ကမ်းများကို သိရှိလိုက်နာ ​ဆောင်ရွက်​ရန်နှင့် စည်းရုံး​ရေးကာလအတွင်း ပါတီတစ်ခုနှင့်တစ်ခု​ ကျေးရွာထပ်မ​နေ​စေ​ရေးအတွက် ကွင်းဆင်းမည့်အစီအစဉ်ကို တစ်ပတ်ကြိုတင်ရန် တို့ကို​ ဆွေး​နွေးပြီး မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ​ရွေး​ကောက်ပွဲ ဆိုင်ရာ ဥပ​ဒေ၊ နည်းဥပ​ဒေများကို ရှင်းလင်း ဆွေးနွေးပါသည်။ ဆက်လက်၍ တက်​ရောက်လာ​သော လွှတ်​တော် ကိုယ်စားလှယ်​လောင်းများက သိလိုသည်များကို​ မေးမြန်းရာ သက်ဆိုင်ရာ မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ပြန်လည်​ရှင်းလင်း​ ဆွေး​နွေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့ မြို့နယ်​ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ တက်​ရောက်ခဲ့ ကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)