လက်ပံတန်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၂၉)ဦး အမည်စာရင်းများအား ပြည်သူများ သိရှိနိုင်စေရန် ကပ်ထားကြေညာပေး

လက်ပံတန်း စက်တင်ဘာ ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်နှင့်ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဩဂုတ်လ ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ပါတီစုစုပေါင်း (၆)ခုရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မဲဆန္ဒနယ် (၂)ခုမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၁) ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၈)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဝင့်နန္ဒာဌေး