ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် ကျပ်(၂၀၀၀၀)ထောက်ပံ့ပေးအပ်

ပေါက်ခေါင်း စက်တင်ဘာ ၁

ပေါက်ခေါင်းမြို့နယ်  ရပ်ကွက်ကျေးရွာအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် (၂၀၀၀၀) ကျပ် ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက  ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု(၅၈)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၅၀၄)စုအတွက် အိမ်ထောင်စု တစ်စု လျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃၀၀၈၀၀၀ဝိ/-)ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)