ဆောမြို့တွင် ကလေးသူငယ်အခွင့်ရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်သည်။

ခင်ဦးမြို့နယ်တွင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများ ကပ်ထား ကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် (၄) ခုတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့က ကြေညာချက် ပုံစံ (၁၀) များဖြင့် ကပ်ထားကြေညာထားကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ရေဆိုးထုတ်မြောင်းပြုပြင်ခြင်းနှင့် မြောင်းပေါင်နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ သီးနှံစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန် ၊ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် လယ်ယာမြေစိုက်ခင်းများ ရေကြီးရေလျှံမှု ကင်းဝေးစေရန် ရည်ရွယ်ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျားပေ ၁၄၀၀ မလိုရေဆိုးထုတ်မြောင်း ပြန်လည်ပြုပြင်ခြင်းနှင့် ဘေး(ဝဲ၊ယာ)မြောင်းပေါင်နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ် ကုန်ထုတ်လမ်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေး ထိုးနှံရေးအတွက် အ​ခြေခံကျန်းမာ​ရေး ပညာရှင်များအား မြို့နယ်အဆင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

၁.၈.၂၀၁၀ မှ ၁.၉.၂၀၂၀ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကာကွယ်​ဆေးထိုးနှံနိုင်​ရေးအတွက် မြို့နယ် အတွင်းရှိ အ​ခြေခံကျန်းမာ​ရေး ပညာရှင်များအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနတွင် ယမန်​နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့​ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်မိုးစပါး (၈၂၅) ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် မိုးစပါး (၁၁၅၀) ဧကကို စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့ထိ (၈၂၅) ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တိုက်နယ်ဆေးရုံဆောင်(ဓာတ်မှန်ခန်းပါ) ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန်(စိုက်မွေး) ရပ်ကွက်တွင်  တိုက်နယ်ဆေးရုံဆောင် (ဓါတ်မှန်ခန်းပါ) ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ(၁၇)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက် အက်ပလီကေးရှင်း စာရင်းသွင်းပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လှုမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက်အက်ပလီကေးရှင်း အကျိုးခံစားရသော ကိုယ်ဝန်ဆောင် မိခင်များအား စာရင်းသွင်းပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ကြေညာ

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ (၁၀)နှင့် ပုံစံ (၁၀-က)များဖြင့် ယမန်နေ့ ညနေ (၄:၀၀)နာရီအချိန် က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to