ဒေးဒရဲမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင် ဦးသိမ်းမောင်က စာရေးဆရာကျော်ဝင်း ရေးသားသည့် နှစ်ဆယ့်တစ်ရာ စုသားရွှေဥ စာအုပ်မှ တာဝန်ယူစိတ်နှင့် အရေးကြီးတာအရင်လုပ် ဆောင်ပါးများအား ဆွေးနွေးခဲ့ရာ တက်ရောက် လာသူများက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)