အမာ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အမာမြို့၊ ရပ်ကွက်(၄)ခုရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
အမာမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၄) ဦး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း (၅) ဦး၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား) လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသား) လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ကြမည် ဖြစ်ကြောင်း သိရသည်။
နော်လေး(အမာ)