ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ပေါင် စက်တင်ဘာ  ၂

အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်မှုကို သြဂုတ်လ ၃၁ရက်နေ့က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူအစည်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ဇော်နိုင်၊ သထုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လယ်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှ တောင်သူ(၁၃)ဦးအား RS - CS မျိုးစေ့ထုတ်ဧက(၅၀)အတွက်  ထောက်ပံ့ငွေကျပ် ၄၂၇၅၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)