အလုံမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား   ပါးစပ်နှာခေါင်းစည်း (mask) များနှင့် လက်သန့်ဆေးရည် (Hand Gel) များ လှူဒါန်း

အလုံ စက်တင်ဘာ   ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်တွင်း တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းများအား  ပါးစပ်နှာခေါင်းစည်း (mask) များနှင့် လက်သန့် ဆေးရည်(Hand Gel)များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင်  ဝန်ထမ်းတစ်ဦးလျှင် ပါးစပ်နှာခေါင်းစည်း (mask)  ၅ခုနှုန်း ၊ ဝန်ထမ်း ၂၀ ဦးလျှင် လက်သန့် ဆေးရည် (Hand Gel) ၁လီတာနှုန်းလှူဒါန်းခဲ့ပြီး ဌာနဆိုင်ရာများအနေဖြင့်  မိမိတို့ဌာန ဝန်ထမ်းအင်အားဖြင့် ကိုယ်စား လှယ်တစ်ဦးစီမှ  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်ကာလ အတွင်း မြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ် နှာခေါင်းစည်း (mask)များနှင့် လက်သန့် ဆေးရည် (Hand Gel)များကို  လှူဒါန်းခြင်း (၃)ကြိမ်ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။

တင်တင်ချို ပြန်/ဆက်