မောက်မယ်မြို့၌ ပြည်သူများလုံခြုံရေးနှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Maskများတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်

မောက်မယ်    စက်တင်ဘာ ၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ပြည်သူများ၏လုံခြုံရေးနှင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအပြင်ထွက်လျှင် Mask များ တပ်ဆင်ခြင်းရှိ/မရှိကို COVID-19 ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်း နှင့်ည(၈)နာရီက  ရှောင်တခင်စစ်ဆေးခဲ့သည်။

ထိုသို့ ရှောင်တခင်စစ်ဆေးရာတွင် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ၏ လုံခြုံရေးနှင့် အပြင်ထွက်လျှင် နှာခေါင်းစည်း Maskများတပ်ဆင်ခြင်းရှိ/မရှိရှောင် တခင်စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်း ချက်များကို အသိပညာ ပေးပြီး ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)