ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်ဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော” ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးခက် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူ စာပေချစ်မြတ်နိုးသူများက ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်တွင်ပါဝင်သည့်  ပန်းလိုချင် အပင်ကိုပျိုး တတ် မှ ကလေးနှင့်ပတ်ဝန်းကျင်၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်း၊ သုတစာပေဖတ်ပါစေ၊ ကိုယ်ကျင့် ကောင်း၍ စိတ်ကောင်းရှိပါစေ ခေါင်းစဥ်အလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များ၊ ပညာရေးနှင့်စာပေချစ် မြတ်နိုးသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)