နံရံကပ်ပြဘုတ်အသစ်လဲလှယ်ခြင်းနှင့် ဆေးလိပ်ဆိုးကျိုးအသိပညာပေးစာစောင်ပြသ

ကော့ကရိတ်  စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် သိကောင်းစရာများကို ယနေ့နံနက် ၁၀နာရီက ပြသထားကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပြသခြင်းသည် ပြည်သူများအတွက် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးမှ ကာကွယ်နိုင်ရန်  ပြည်သူများသိရှိလိုက်နာနိုင်ပြီး အသုံးပြုမှုမှ ရှောင်ရှား နိုင်ရန်နှင့် သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို အချိန်မီ တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုနံရံကပ်စာစောင်တွင် ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ၊ ဆေးလိပ်ငွေ့ကင်းသော လေကောင်းလေသန့်ကိုရှူရှိုက်ပါ၊ မိမိအိမ်ကိုဆေးလိပ်ငွေ့ ကင်းစင်အောင်စတင်လုပ်ဆောင်ပါ စသည့်အသိပညာပေး အကြောင်းအရာများ၊ ကိုဗစ် − ၁၉ ရောဂါ အသိပညာပေးအကြောင်းအရာများ၊ နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်မှုမှတ်တမ်းများ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ဇာခြည်ဝင်း (ခရိုင်ပြန်/ဆက်)