ဗန်းမောက် စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဆိုပါ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ်လ(၃၀) ရက်နေ့မှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ် များစာရင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း (၇) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း (၄)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) တွင်လွှတ်တော်ကိုယ်စား လှယ်လောင်း (၈)ဦး ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင်လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ တိုင်းရင်းသား လူမျိုးများ ကိုယ်စာလှယ်စာရင်းတွင် ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦး တို့၏ စာရင်းများအား ကပ်ထားကြေညာပေးထား ကြောင်းသိရသည်။
မေသူ (ဗန်းမောက်)