ဘုရားသုံးဆူ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး ယနေ့ နေ့လည် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ လူစည်ကားရာနေရာများတွင် ဌာနဆိုင်ရာများစုပေါင်း၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆောင်ရွက်မှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ လူမှုကယ်ဆယ်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်း၍ mask များ အခမဲ့ဖြန့်ဝေခြင်း၊ hand gel များဖြင့် လက်ဆေးခြင်း၊ အပြင်ထွက်တိုင်း mask တပ်ရန် နိုးဆော်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စောရဲဝင်းထွဋ်