ထန်းတပင် (ပဲခူး) စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁ )နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန် က ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ကလေးငယ်များအား အလှည့်ကျ ဆေးထိုး ဆေးတိုက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုး ဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ် အလိုက် လစဉ် ဘီစီဂျီ ၊ ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊အသည်းရောင် အသားဝါဘီ ၊ ဦးနှောက်အမှေးရောင် ငါးမျိုးစပ် ကာကွယ် ဆေး ပြင်းထန်အဆုပ်ရောင် ဝက်သက် ဂျိုက်သိုး ရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယို အကြောသေရောဂါကာကွယ် ဆေးတိုက်ကျွေးခြင်း ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)