မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေးစီမံကိန်း NEP Phase-1 ဖြင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်

မင်းတုန်း စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် NEP Phase-1 ဖြင့် ကျေးရွာမီးလင်းရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၈ နာရီတွင် မင်းရွာကိုင်းကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ဘူးတောင်း (အရှေ့)ရွာနှင့် ဘူးတောင်း(အနောက်)ရွာ ရွာပေါင်း(၄)ရွာအား မင်းတုန်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ် အား စတင်ပို့လွှတ်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ(၄)ရွာတွင် စုစုပေါင်း အိမ်ခြေ(၃၃၆)အိမ်၊ လူဦးရေ(၁၂၉၆)ဦးရှိကာ NEP Phase-1 ဖြင့် ပထမဆုံး ဓာတ်အား ပို့လွှတ်နိုင်သော ကျေးရွာများဖြစ်ပြီး ၂၄ နာရီလျှပ်စစ်မီးရရှိပြီဖြစ်သည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ်များအား မြို့နယ်လျှပ်စစ်ဝန်ထမ်းများမှ တိုင်းတာပြီး လိုင်းချိန်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင် ထံမှသိရှိရသည်။

ချင်းကလေး(NRDC)