ဖလမ်း စက်တင်ဘာ ၄
အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်း ဆိုင်(၇)ဆိုင်များအား ရှောင်တခင် စစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန် ပစ္စည်းဆိုင်(၆)ဆိုင်နှင့် အလှကုန်ပစ္စည်းဆိုင် (၁)ဆိုင်ရှိ ဆိုင်ပိုင်ရှင် များအား Shishar (ကွမ်းပေါင်း)၊ Rally (ခိုင်နီး)တို့အား ဓာတ်ခွဲစစ်ဆေးရာတွင် ကျန်းမာရေးနှင့် မကိုက်သော ပစ္စည်းဖြစ် ပါသဖြင့် ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေး ဟောပြောပြီး စားသောက်ကုန်ပစ္စည်းဆိုင်မှ တားမြစ်ဓာတုပစ္စည်း ဖြစ်သည့် Suncover တံဆိပ်ပါ မျက်နှာလိမ်းဆေးနှင့် Collagen Plus Vitamine-E တံဆိပ်ပါ မျက်နှာလိမ်းဆေး ပစ္စည်းများကို သိမ်းဆည်း ရမိသည်။
အဆိုပါ စစ်ဆေးမှုတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများက ပူးပေါင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)