ကော့ကရိတ်၊ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ် (CERP) အရ (RS-CS)မျိုးစေ့ထုတ် (၁၆၀) ဧက ကွင်းဆေးစစ်ဆေးခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ မျိုးစေ့အပေါ် သစ္စာရှိရန်၊ နည်းပညာအပေါ်ခေါင်းမာရန်နှင့် မျိုးစေ့ထုတ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး နှိုး ဆော်တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်လှိုင်ကြည်ပြာမှ မျိုးစေ့အရည်အသွေးထိန်းသိမ်းရေးနှင့် ကွင်းဆင်းစစ်ဆေးရာတွင် လုပ် ဆောင်ရမည့် နည်းပညာများနှင့်ပတ်သက်၍ ဝန်ထမ်းများနှင့် နှီးနှောဖလှယ်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကော့ကရိတ်ခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်း (၂၅) ဦး တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)