မအူပင်မြို့၌ စည်ပင်သာယာရေးစျေးအတွင်း တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/မရှိနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

မအူပင် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် စည်ပင်ယာယာရေးစျေးအတွင်း တရားမဝင်အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှု ရှိ/ မရှိနှင့် ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မအူပင်မြို့ စည်ပင် သာယာရေးဈေးတွင်းနှင့် အခွန်လွတ်စျေးအတွင်း တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများရောင်းချမှု ရှိ/မရှိနှင့် ကုန်စုံဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်းများတွင် မြန်မာလိုရေးသားဖော်ပြထားခြင်း ရှိ/မရှိ၊ စျေးကွက်အတွင်း ဝင်ရောက်လာသော ကုန်ပစ္စည်းများအား စစ်တမ်းနမူနာ ကောက်ယူခြင်းနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့် ပတ်သက်၍ တားမြစ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ မရောင်းချရန်နှင့် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံထံမှ သိရသည်။

ခရိုင်(ပြန်/ ဆက်)