တာချီလိတ်မြို့ အဝင်လမ်းဆုံနေရာ၌ မီးဆိုင်းကြီးများတပ်ဆင်

တာချီလိတ် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အဝင် လမ်းဆုံနေရာ၌ ပြည်သူများ ညအချိန် ဘေးအန္တရာယ်ကင်းစွွာ သွားလာနိုင်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် မီးဆိုင်းကြီးများ တပ်ဆင်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၆၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသော Free Way လမ်းဖော်ဆောင် ခြင်း၊ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းခြင်း၊ လမ်းလယ်ကျွန်းတွင် မြက်ခင်းနှင့် ပန်းအလှ စိုက်ခြင်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ပြည်သူ များ ညအချိန် ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မီးဆိုင်းကြီးများ တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အမြင့်ပေ(၄၀)ခန့် တန်ဖိုးငွေ ကျပ်သိန်း(၃၀၀)ကျော်ရှိ မီးလုံးကြီး ရှစ်လုံးပါသော မီးဆိုင်းကြီးကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွန် မှုနှင့်စည်ပင်သာယာရေး ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် တာချီလိတ်မြို့ မီးလင်းရေးအဖွဲ့နှင့် အဖွဲခွဲတို့မှ တာဝန်ယူ တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)