ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာဈေးများ၌ Mask တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်

ရွှေပြည်သာ  စက်တင်ဘာ  ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများ၊ ဈေးများတွင် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ်များ Mask စနစ်တကျ တပ်ရေးစစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နှာခေါင်းစည်း Mask များစနစ်တကျတပ်ရေးစစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း လူစည်ကားရာ ဈေး ဖြစ်သည့် လှော်ကားနီလာဈေးတွင် ရွှေပြည်သာမြို့နယ်စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇံနှင့် ကော်မတီဝင် များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)