ကလေးဝ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကော်ပွဲကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌနှင့်အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ခွဲက ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာ စကား ပြောကြား၍ ကလေးဝမြို့နယ်တာဝန်ခံ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရဲမြင့်က သင်တန်းဖွင့်လှစ် ပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များသည် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား ၃၀ ဦး အား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပ ဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ မဲစာရင်းပြုစုခြင်း၊ မဲစာရင်းစိစစ်ခြင်း၊ မြို့နယ် ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကြိုတင်ဆန္ဒ မဲပေးခြင်းလုပ်ငန်းများ စသည်သင်ခန်းစာများကို ပို့ချခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)