ဓနုဖြူ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်းရှိ ကြက်သားရောင်းချသည့် ဆိုင်များတွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်ဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြိုမဈေးအတွင်းရှိ ကြက်သားရောင်းချသည့် ဆိုင်များတွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစားများ ရောင်းချခြင်း ရှိ/ မရှိ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်ချခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)