စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းမှ ကျေးရွာသစ်လှုပ်ရှားမှုကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း မြို့မလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကိုရီးယား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးရွာသစ်လှုပ်ရှားမှု ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့သည်။