ပေါက်ခေါင်းမြို့မဈေးကြီးအတွင်း ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေး
ပေါက်ခေါင်းမြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။