စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့တွင် မိုးလုံလေလုံအားကစားရုံတည်ဆောက်မှု ကွင်းဆင်း စစ်ဆေး

မြောင် စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိသူတို့က ယမန်နေ့နံနက်က လာရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် ဒုတိယညွှန်ကြားရေးမှူး  ဦးကြွယ် ကြောင်းလိုတို့က မြောင်သီရိအားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/ မရှိ၊ အချိန်နှင့် တစ်ပြေးညီ ပြီးစီးနိုင်မှုရှိ/ မရှိတို့ကို ကွင်း ဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

မြောင်သီရိအားကစားကွင်း မိုးလုံလေလုံ အားကစားရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ် ပြည်ထောင် စုရန်ပုံငွေ(၂၆၂)သန်းဖြင့် အားမာန်ဟိဏ်း ကုမ္ပဏီက တာ၀န်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ပြီးစီးမှုရာခိုင်နှုန်း (၄၂) ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းသိရှိရပါသည်။

တင်ကိုကို