ပေါက်ခေါင်းမြို့မဈေးကြီးအတွင်း ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ပေါက်ခေါင်း   စက်တင်ဘာ   ၆

ပေါက်ခေါင်းမြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက  ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်၊ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဈေးအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်များနှင့်သားငါးရောင်းချ ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးပြီး၊ ဈေးရောင်းသူ၊ဈေးဝယ် သူများကို နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြပြီး ရောင်းဝယ်ကြရန်လည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)