ချောက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စွယ်ပေါက္ကံကျေးရွာနှင့် တောင်သာ ကျေးရွာ အတွင်းရှိဒေသခံပြည်သူများ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထ ွရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့ ်ပြည်သူ့အင်အားဆိုင်ရာ ချောက်မြို့နယ်ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးခြင်းနှင့် မဲစာရင်းများ တိကျပြည့်စုံမှန်ကန် စေရေးစိစစ်ခြင်း လုပ်ငန်းများ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ချောက်မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ် ဦးစီးမှူး ဦးညွန့်၀င်းထူးနှင့်ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင်ထားခြင်း မရှိသေးသူများ၊ မဲစာရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ ပျောက်ဆုံး၊ ပျက်စီးခြင်းကြောင့် မဲစာရင်းတွင် မပါရှိသည့် ပြည်သူများကို စွယ်ပေါက္ကံကျေးရွာ အတွင်းရှိပြည်သူ (၈၀) ဦးအား လည်းကောင်း၊ တောင်သာ ကျေးရွာ အတွင်းရှိပြည်သူ (၅၉) ဦးအားလည်းကောင်း စုစုပေါင်း (၁၃၉) ဦးအား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မချို(ပြန်/ဆက်)