ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာထားလျက် ရှိပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုင်ငံရေးပါတီ (၆) ပါတီနှင့် တစ်သီးပုဂ္ဂလများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃) တွင် (၆) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄) တွင် (၆) ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် (၇)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် (၆) ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ဗမာတိုင်းရင်းသားလူမျိုး) တွင် (၁၀) ဦး၊ (မွန်တိုင်းရင်းသားလူမျိုး)တွင် (၈) ဦး၊ (ပအိုဝ်းတိုင်းရင်းသားလူမျိုး) တွင် (၉) ဦး၊ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သဲဝါ(ပြန်/ဆက်)